ကျွန်မခင်ပွန်း Dan နှင့်အတူ အသက်ကြီးသူ မိဘနှစ်ပါးကို ကြည့်ရှုပြုစုခဲ့စဉ်က တစ်ယောက်လက် တစ်ယောက်ကိုင်ကာ တောင်ကမ်းပါးမှ တွဲလွဲခိုနေရသလို ခံစားခဲ့ ရသည်။ ကြည့်ရှုပြုစုခြင်းအမှုတွင် ကျွန်မတို့၏စိတ်နှလုံးကို အစစ်ဆေးခံရန်၊ ပုံသွင်းခံရန်၊ အထူးသဖြင့် ယခုကဲ့သို့သောအချိန်တွင် အသစ်သော နည်းလမ်းများဖြင့် ဘုရားရှင်အသုံးပြုရန် အခွင့်ပေးခြင်း တို့သည် အခက်ခဲဆုံး သောအရာဖြစ်မည်ဟု ကျွန်မတို့ ထင်မထားခဲ့ပါ။
နေ့အချိန်တွင် ကျွန်မသည် မြေပြင်ပေါ်သို့ အဆီးအတားမရှိ ခေါင်းစိုက်ထိုးဆင်းကျသလို ခံစားရပြီး ဘုရားရှင်သည် ကျွန်မလုပ်ဆောင်ရမည့်တာဝန်များ၊ ကြိုတင် စီစဉ်ထားသောအရာများ၊ ကြောက်ရွံ့မှုများ၊ မာန်မာနနှင့် တကိုယ်ကောင်းဆန်မှုများကို ဖော်ပြပါသည်။ တစ်ဖန် ဘုရားရှင်သည် ကျွန်မ၏ ကျိုးပဲ့ကြေမွမှုများကို အသုံးပြုကာ သူ၏ချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ပြသခဲ့သည်။
ကျွန်မ၏သင်းအုပ်က ‘‘ဘုရားမရှိဘဲ ကိုးယိုးကားယား ဖြစ်နေတဲ့ မင်းကိုယ်မင်း အရှိကို အရှိအတိုင်း မြင်တဲ့နေ့ဟာ အကောင်းဆုံး နေ့ပဲ။ ပြီးတော့မှ…
ဆောင်းတစ်နေ့၌ ကျွန်မကို အိမ်ပြတင်းပေါက်မှလှမ်းကြည့်နေသည့် အိမ်နီးချင်းများ နားမလည်နိုင်ဖြစ်နေလိမ့်မည်။ ကားလမ်းပေါ်ရပ်ကာ ဂေါ်ပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လမ်းထောင့်ရေမြောင်းအောက်ခြေ၌ ခဲနေသော ရေခဲများကို ကျွန်မ ဒေါသတကြီး ခွပ်ကနဲ ရိုက်ခွဲလျက်ရှိသည်။ ရိုက်ချက်တိုင်း၌ ‘ဒီအလုပ်ကို မလုပ်နိုင် ပါဘူး’’၊ ‘‘ ကျွန်မကို ဒါတွေ လုပ်ဖို့ ကိုယ်တော် မမျှော်လင့်နဲ့’’၊ ‘‘ကျွန်မ ဒါကို လုပ်ဖို့ အားမရှိဘူး’’ စသည်ဖြင့် ကျွန်မမြည်တွန်ရေရွတ် ခဲ့သည်။ သူတစ်ပါးအား ကရုဏာပြ အားပေးနှစ်သိမ့်သူ အနေဖြင့် လုပ်ဆောင်စရာ ကိစ္စရပ်များပြားလှသည့် ကြားထဲ ဤရေခဲရှင်းရသည့်ကိစ္စကလည်း တော်လောက်ပါပြီ။
‘‘ငါက ဒီထက်ပိုကောင်းတဲ့ အလုပ်နဲ့တန်တာလေ’၊ ကိုယ်တော်က မတော်နိုင်ဘူးနော်၊ ကျွန်မကိုချည်း ခိုင်းနေ
တာ’’ ‘‘ဘယ်သူကမှဖြင့် ဒါကို ဂရုမစိုက်ကြဘူး’’ စသည့် မုသာစကားများ တွေးလျက် ကျွန်မ ဒေါသထွက်နေခြင်းပါ။ သို့ရာတွင် ဒေါသစိတ်၌တွယ်နေရန်…